ကျေးဇူးခံရသူ
ရောဘတ် ရော်ဘင်ဆန် (၁၇၃၅-၁၇၉၀) သည် လူငယ်ဘဝက သူငယ်ချင်းများနှင့် ပြဿနာရှာ ရန်ဖြစ်ရခြင်းကို နှစ်သက်ပြီး ထိုဘဝ၌ ကျင်လည်ခဲ့သည်။ အသက် ၁၇ နှစ် အရွယ်တွင် (မ ၃း၇)ကျမ်းချက် အခြေပြုသည့် ဆရာကြီးဂျော့ဝှိုက်ဖီး၏ တရားဟောချက်ကို နာခဲ့ရပြီး ခရစ်တော်၏ ကယ်တင်ခြင်းကို သူလို အပ်ကြောင်း သိရှိဝန်ခံခဲ့သည်။ သို့နှင့် ဘုရား သခင်က ရော်ဘင်ဆန်၏အသက်တာကို ပြောင်းလဲစေခဲ့ပြီးနောက် သူသည် တရားဟော ဆရာတစ်ပါးဖြစ်လာသည်။ သူသည် အကျော် ကြားဆုံး “မင်္ဂလာဆုပေါင်းဖြစ်ပွားရာ”ဟူသည့် သီချင်းအပါအဝင် ဓမ္မသီချင်းများစွာကို ရေးသားခဲ့သည်။
ကျွန်ုပ်တို့အပေါ်ထားသည့် ဘုရားသခင်၏ အံ့ဖွယ်ကျေးဇူးတော် အကြောင်း မကြာမီက ဆင်ခြင်ရင်း အထက်ပါ ဓမ္မတေး၏နောက်ဆုံးအပိုဒ်ကို ဆင်ခြင်မိသည်။ “ကျေးဇူးတော်သည် ထူးမြတ်လွန်လေ၊ .... ကျေးဇူးရှင်၊ထိုကျေးဇူး အားဖြင့် ကျွနု်ပ်စိတ်ကို နှောင်စေချင်” ဟူသည့် စာသားကြောင့် ရှင်ပေါလု၏…
မုန်တိုင်းကြား၌ သွားလာမောင်းနှင်ခြင်း
ပင်လယ်နီဒေသ(ယခု အီသီယိုးပီးယား) မှ Axum ရှေးလူတို့သည် မိုးရာသီလေပြင်း မုန်တိုင်းကြောင့် ရေကြောင်းသွားလာမှု၌ လှေ၊ သင်္ဘောများ အမြန်နှုန်းဖြင့် သွားနိုင် ကြောင်းလေ့လာသိရှိခဲ့ကြသည်။ ၄င်းတို့သည် လေပြင်းမုန်တိုင်းကို ကြောက်နေခြင်းထက် မုန်တိုင်းထဲတွင် လှေသင်္ဘောများကို မည်သို့ မောင်းနှင်ရမည်ကို သူတို့သင်ယူသိရှိခဲ့သည်။
ဆာလံ ၁၀၇ တွင် ဘုရားသခင်သည် မိုးသက်မုန်တိုင်းကို ဖြစ်ပေါ်စေပြီး၊ ထိုမုန်တိုင်း များကြားတွင် သွားလာနိုင်ရန် ကျွနု်ုပ်တို့ကို အကူအညီပေးကာ လမ်းညွှန်ပို့ဆောင်တော် မူကြောင်း အံ့ဖွယ်သရုပ်ဖော်ချက်ကို တွေ့ရ သည်။ “အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်း တိုက်သဖြင့် လှိုင်းတံပိုးတို့ကို ထစေ၏။ ... (သူတို့သည်) ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏” (း၂၅၊၂၈)။
ဒုက္ခရောက်ချိန် ဘုရားစောင့်ရှောက်မည်ဟု ယုံကြည်ခြင်းသည်ကျမ်းစာ၏ အနှစ်သာရဖြစ်သည်။ ဟေဗြဲ ၁၁ တွင် ယုံကြည်ခြင်းကို လေ့ကျက်ရန်…
ကောင်းကင်ပြည်
အထက်တန်းကျောင်းသူဘဝက ကျွန်မ၏ အခင်ဆုံးသူငယ်ချင်းနှင့်အတူ နေ့လည်ခင်း အချိန်တွင် သက်သောင့်သက်သာ မြင်းစီးထွက် ခဲ့သည်။ ကောက်ပဲသီးနှံ သိုလှောင်ရုံလမ်းသို့ မြင်းများကို ဦးတည်လိုက်သောအခါ ၄င်းတို့မှာ ဒုံးပျံနှစ်စင်းအပြိုင်သွားသကဲ့သို့ တစ်ဟုန်ထိုး ပြေးတော့သည်။ မြင်းများမှာ ၄င်းတို့၏ အစာစားချိန်၊ သန့်ရှင်းရေးလုပ်ရမည့် အချိန် ရောက်ပြီကို သိရှိခြင်းကြောင့် ဤသို့ ဒုန်းစိုင်း ပြေးခြင်းဖြစ်သည်။
ခရစ်ယာန်များအနေဖြင့် ကျွန်မတို့ကို ဘုရားရှင်ကောင်းချီးပေးထားသည့် အိမ်ထောင်၊ သားသမီးမြေးမြစ်များ၊ အလုပ် အကိုင်ကောင်း၊ မိတ်ဆွေများနှင့် လောက၌ ပျော်မွေ့နေသော်လည်း ကျွန်မတို့၏ နေအိမ်အစစ်အမှန်မှာ ကောင်းကင်ဘုံဖြစ်သည် (ဖိ ၃း၂၀)။ ကျမ်းစာ၌လည်း “အထက်အရာ” ကို မျက်မှောက်ပြုရန် အားပေးသည် (ကော ၃း၁-၂)။ “အထက်အရာ” ဟုဆိုရာ၌ ဘုရားသခင် ထာဝရတည်ရှိခြင်း (ဗျာ ၂၂း၃-၅)၊ မကုန်ဆုံးနိုင်သော ငြိမ်ဝပ်ချမ်းသာခြင်း (ဟေဗြဲ ၄း၉)၊ ထာဝရတည်မြဲသောအမွေတော် (၁…
အကောင်းဆုံးသိုးထိန်း
အိုင်ဒါဟိုရှိသိုးထိန်းများသည် နွေရာသီ တွင် ကုန်းမြင့်ပိုင်းရှိ စားကျက်များ၌ သိုး ကျောင်းရန် နွေဦးအချိန်၌ ထောင်နှင့်ချီသည့် သိုးများကို မြေနိမ့်ပိုင်းမှ တောင်ပေါ်သို့ ရွှေ့ ပြောင်းရသည်။
လွန်ခဲ့သောအပတ်က ကျွနု်ပ်တို့ဇနီး မောင်နှံသည် တောင်ပေါ်စားကျက်တစ်ခုတွင် သိုးတစ်အုပ်ကို တွေ့ခဲ့သည်။ ချောင်းအနီး ဆိတ်ငြိမ်သောစားကျက်၌ အစာစားနေသည့် သိုးများကို ကြည့်ရင်း ဆာလံ ၂၃ ကိုပင် အမှတ်ရလိုက်သည်။
သို့ရာတွင် သိုးထိန်းကို မတွေ့ရပါ။ သို့သော် သိုးအချို့က သိုးအုပ်မှကွဲပြီး ခပ်လှမ်းလှမ်းရှိ တောင်ကြားဖက်သို့ ရောက်လု ရောက်ခင်တွင် တောင်ပေါ်မှ လေချွန်သံကြား၍ လှည့်ပတ်ကြည့်လိုက်ရာ၊ တောင် အမြင့်ပိုင်း၌ထိုင်ကာ သိုးများကို မပြတ်ကြည့်ရှုနေသည့် သိုးထိန်းနှင့် ၄င်း၏ဘေး တစ်ဖက်တစ်ချက်စီ၌ သိုးထိန်းခွေး ၃ ကောင်ကို တွေ့လိုက်ရသည်။ သိုးထိန်း၏ အချက်ပြလေချွန်သံကို သိသည့်ခွေးများက အုပ်စုကွဲသွားသည့် သိုးများကို အုပ်စုထဲ ပြန်မောင်းသွင်းသည်။…
လွတ်သွားသောအစာတစ်နပ်
ကျွန်တော့်အတွက် အစားအစာသည် လိုသည်ထက်ပိုအရေးကြီးပြီး အံ့ဖွယ်လောက စည်းစိမ်တစ်ပါးဖြစ်သည်။ အလွန်ဗိုက်ဆာနေ ချိန်ဆိုလျှင် စားချင်စဖွယ်ပြင်ဆင်ထားသည့် ထမင်းပွဲ၌ ထိုင်လိုက်ရလျှင် ကျေနပ်ပါဘိ။ ထို့ကြောင့် ရေတွင်းအနီး ရှမာရိအမျိုးသမီးနှင့် စကားပြောနေသည့်ယေရှုထံ တပည့်တော်များ ဗိုက်ဆာဆာနှင့် ရောက်လာသည့် မြင်ကွင်းကို ကျွန်တော်မြင်ယောင်မိသည်။ တပည့်တော် များက “အရှင်၊ အစာသုံး ဆောင်ပါ” ဟုဆိုလျှင် ယေရှုက “သင်တို့မသိ သောစားစရာသည် ငါ၌ရှိသည်” ဟုပြန်ဖြေခဲ့ သည်။
တပည့်တော်များသည် ၄င်းတို့မမြင်ရ သည့်အစာကြောင့်အတွေးများပြီး ခေါင်းရှုပ်သွားမလား။ ထိုရေတွင်း၌ ထူးထူး ခြားခြား ဘာဖြစ်ပျက်နေသည်ကို သူတို့နားမလည်၊ ကောင်းကင်ဘုံအဖက သူ့ကို ကမ္ဘာမြေသို့စေလွှတ်ကာ အလိုတော်ဆောင်စေခြင်း၊ သူ၏အမှုတော်ပြီးစီးစေခြင်း အမှုသည် ယေရှုအတွက် အရေးကြီးဆုံးဖြစ်သည်။ သူသာပေးနိုင်သည့် ရှမာရိ အမျိုးသမီး၏ဝိညာဉ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်သာ သခင်အာရုံစိုက် ခဲ့သည်။
လတ်တလောလိုအပ်ချက်များက ကျွန်ုပ်တို့ကို အလွယ်တကူလွမ်းမိုးနေ တတ်သည်။…
စွန့်ပစ်မခံရပါ
လွန်ခဲ့သော နှစ်များက ဝါရှင်တန် ဒီစီရှိ “စမစ်ဆိုနီးယား လေထုနှင့်အာကာသ ပြတိုက်” သို့ ကျွန်မတို့ဇနီးမောင်နှံ သွားရောက် လေ့လာကြည်ရှုစဉ် ကလေးတွန်းလှည်းလေး တစ်ခုကို သတိပြုမိသည်။ အနီးအနားတွင် မည်သူမျှမရှိ၊ တွန်းလှည်းက ကြီးသဖြင့် လှည်းကိုချန်ပြီး ကလေးကို ချီသွားခြင်းဖြစ်မည် ဟု ကျွန်မတို့ ထင်ခဲ့သည်။
သို့သော် တွန်းလှည်းအနီးသို့ရောက်မှ လှည်းထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကလေးကို တွေ့ရသည်။ “မိဘတွေရော၊ မောင်နှမတွေရော၊ ကလေးထိန်းရော” စသည် ဖြင့် မေးခွန်းပေါင်းများစွာ ထွက်လာသည်။
ကျွန်မတို့လည်း ပြတိုက်မှ တာဝန်ရှိသူများရောက်လာသည့်အထိ အချိန် အတန်ကြာ ကလေးအနီး၌ နေပေးခဲ့သည်။ ချစ်စရာအဖိုးတန် ကလေးငယ်ကို မည်သူမျှ လာရောက်ခေါ်ယူခြင်းမရှိပါ။ ဤအတွေ့အကြုံမှ စွန့်ပစ်ခံရလျှင် မည်သို့ ဖြစ်မည်နည်း ဟူ၍ အတွေးဝင်မိသည်။
“ငါ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး” ဟူသောအတွေးက တကယ်…
သေချာစိတ်ချရသော ကယ်တင်ခြင်း
ဗစ်တိုးရီးယား ဘုရင်မကြီးသည် ဝတ်ပြုစည်းဝေးတစ်ခု၌ အလွန်စိတ်တို့ထိ ခံရပြီးသူ၏ဘုန်းတော်ကြီးအား “လူဟာ သူ့ရဲ့ ထာဝရအသက်လုံခြုံမှုအတွက် အပြည့်အဝ စိတ်ချရပါ့မလား” ဟူ၍ မေးလိုက်သည်။ ထိုဘုန်းတော်ကြီး၌ အဖြေမရှိခဲ့ပါ။ သို့သော် “ဂျွန် ထောင်းစဲန်” ဆိုသော ဧဝံဂေလိဆရာ တစ်ဦးက ဘုရင်မကြီး၏မေးခွန်းကိုကြားပြီး ဆုတောင်းလျက် အောက်ပါစာတိုလေးကို ရေးသားပေးပို့ခဲ့သည်။ ထိုစာ၌ “စိုးရွံ့သော စိတ်ရှိလျက် မေတ္တာစစ်နှင့် ဤစာကို ပေးပို့ ပါသည်။ ယခု သခင်ယေရှုသွား၍ ပြင်ဆင် လျက်ရှိနေသော အိမ်များ၌ ကျွန်ုပ်တို့၏ ထာဝရအသက်လုံခြုံမှုကို အပြည့်အဝ စိတ်ချ နိုင်ပါသည်။ မြင့်မြတ်လှသော ဘုရင်မကြီးအား ယော ၃း၁၆ နှင့် ရော ၁၀း၉-၁၀ ရှိ ကျမ်းစကားများ ဖတ်ရှုရန် ကျွန်ုပ် တောင်းပန်အပ်ပါသည်” ဟုရေးသားထားသည်။
နှစ်ပတ်ခန့်ကြာသော် ထိုဆရာထံသို့ Victoria Guelph ဟူသော ဘုရင်မကြီး၏…
ဆက်ရန်ရှိသည်
ဓမ္မသစ်ကျမ်း၏ ပဉ္စမမြောက်ကျမ်း ဖြစ်သော တမန်တော်ဝတ္ထုသည် သခင်ယေရှု တာဝန်ပေးအပ်ခဲ့သည် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်ရှိ အသင်းတော်များ၏အစ ကို မှတ်တမ်းတင်ထားသည်။ အချို့သော ကျမ်းပညာရှင်များက ၎င်းကို 'သန့်ရှင်းသော ဝိညာဉ်တော်ဝတ္ထု' ဟု ခေါ်ဆိုသင့်ကြောင်း မှတ်ချက်ချကြသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်များ အခက်အခဲနှင့်ကြုံတွေ့တိုင်း ရဲစွမ်းသတ္တိရှိစေရန်ဝိညာဉ်တော်က ထောက်ပံ့ မစ နေသောကြောင့်တည်း။
သခင်ယေရှုကောင်းကင်သို့တက်ကြွတော် မမူမီ သူရွေးချယ်ထားခဲ့သူများအား “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” (တ ၁း၈) ဟုမိန့်တော်မူခဲ့သည်။ ထိုမိန့်တော်မူချက်ဖြင့် ဘုရားအမှုတော်၏ ကဏ္ဍဟောင်းတစ်ခုအဆုံးသတ်ပြီး ကဏ္ဍသစ် တစ်ခု စတင်ဖြစ်ပေါ်လာခဲ့တော့သည်။ ထိုကဏ္ဍသစ်၌ ကျွန်ုပ်တို့လည်း အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
တမန်တော်ဝတ္ထုသည် ကနဦးအသင်းတော်များမှ ပေတရု၊ ယောဟန်၊ ဗာနဗ၊ ပေါလု၊ ဒေါ်ကာ၊ လုဒိ…
စစ်မှန်သော ဧည့်ဝတ်ကျေပွန်မှု
၁၉၈၇ ခုနှစ်က ကျွန်ုပ်တို့မိသားစုသည် ကယ်လီဖိုးနီးယားပြည်နယ် “လောင်းဘိခ်ျ” နယ်မြေရှိအသင်းတော်တစ်ခုသို့ သင်းအုပ် တာဝန်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထိုမြို့သို့ ရောက်သောအခါ ကျွန်ုပ်၏အတွင်းရေးမှူးက လာကြိုပြီး အိမ်သို့ပို့ပေးခဲ့သည်။ ကားပေါ်သို့ တက်တက်ချင်း “ကယ်လီဖိုးနီးယားမှကြိုဆို ပါ၏။ … ယခု အိမ်ပြန်တော့”ဟူသော စတစ်ကာ စာသားလေးကို ပထမဦးဆုံးမြင်လိုက် ရသည်။ ထိုကြိုဆိုပုံက နွေးထွေးပျူငှာသောကြိုဆိုမှု မဟုတ်တန်ရာ။
ကျွန်ုပ်တို့လည်း ဘဝ၌ မိမိပတ်ဝန်းကျင်ရှိ လူများအား ထိုကဲ့သို့အမူအရာများပြမိသည့်အချိန်များရှိလိမ့်မည်ဟု ကျွန်ုပ်တွေးမိသည်။ အသင်းတော်၌ဖြစ်စေ၊ အိမ်နီးဝန်းကျင်၌ ဖြစ်စေ၊ သာရေးနာရေးလူမှုရေး၌ဖြစ်စေ၊ အခြားသူများအား ပျူငှာစွာကြိုဆိုရန် ပျက်ကွက်ချိန်များ ရှိခဲ့ဖူးပါသလား။
ရောမ ၁၂း ၁၃ တွင် ရှင်ပေါလုက စာဖတ်သူများအား “ဧည့်သည်ဝတ်”ကို ပြုရန် လမ်းညွှန်ထားပါသည်။ ဟေဗြဲသြဝါဒစာ၌လည်း ထပ်မံ၍ “အချို့သော သူတို့သည် ဧည့်သည်ဝတ်ကိုပြုသည်တွင် ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ” (၁၃း…
ကြံ့ခိုင်သောကိုယ်တော်၏ လက်ရုံးတော်
ကျွန်မ၏သူငယ်ချင်း ဂျုံးသည် ဂီတ ဖျော်ဖြေပွဲ၌ တီးခတ်ရသည့် စန္ဒယားပညာရှင် တစ်ဦးဖြစ်လိုပြီး တစ်ကိုယ်တော် ဖျော်ဖြေမှုများ လှည့်လည်တင်ဆက်နိုင်သော ထူးချွန်သည့် ပညာရှင် အလွန်ဖြစ်ချင်ခဲ့သည်။ တက္ကသိုလ်၌ စန္ဒယားတင်ဆက်မှု ဘာသာရပ်ကိုသင်ယူစဉ် လက်မောင်းအဆစ်နာရောဂါရပြီး လက်အားနည်း လာသဖြင့် တစ်ကိုယ်တော်တင်ဆက်မှုအတွက် လေ့ကျင့်ရန် လက်မသန်တော့ပါ။ နောက်ဆုံးတွင် ရိုးရိုးဂီတသမိုင်း ဘာသာရပ်ဖြင့်သာဘွဲ့ရခဲ့သည်။
ထိုအခါ ဂျုံးသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် သိကျွမ်းသူဖြစ်သော်လည်း သခင့်ကို နှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့သည်။ တစ်ဖန် ခက်ခဲသောအခြေအနေများ ထပ်ကြုံ ရပြီး ဘုရားသခင်သည် သူ့ကို လက်ကမ်းပေးသည်ကို ခံစားမိ၍ ဘုရားသခင်ထံ သူ လှည့်ပြန်ခဲ့သည်။ နောက်ဆုံးတွင် သူမ၏လက်မောင်းပြန်လည်သန်မာလာပြီး လှည့်လည်ဖျော်ဖြေလိုသော သူမ၏အိပ်မက် အကောင်အထည်ပေါ်လာပါတော့သည်။ သူမက “အခု ကျွန်မရဲ့ အစွမ်းကြောင့်မဟုတ်ဘဲ ဘုရားရဲ့တန်ခိုးကြောင့် တီးခတ်နိုင်ခဲ့ပါပြီ။ ဆန့်တန်းထားတဲ့ ကိုယ်တော်ရဲ့လက်တော်က ကျွန်မရဲ့ဝိညာဉ်အသက်တာကို မြှင့်တင် ပေးခဲ့တယ်။…